Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ
ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ်
ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က
လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး
ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း
Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့
ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့
ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop)
တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့
D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card
တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။
မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့
ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ
ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ
ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည်
ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက်
ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ
တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း
ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့
ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး
အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့
ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့
Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။
အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး
ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့်
ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့
လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့
အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။
(OR)
ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့
စိတ်ကြိုက် ပြောင်းထားလိုရင်တော့ အောက်ကပုံနေရာမှာ ကလစ်ပြီး
ပြောင်းထားနိုင်ပါတယ်..။ ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။
နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။
0 comments:
Post a Comment