Blogger templates

Tuesday, July 19, 2016

Free Download IconCool Editor 6.23 build 130120 Full


PC မှာ Icon တွေကိုကိုယ်တိုင်ဖန်တီးချင်တဲ့သူတွေအတွက်ဆော့ဖ်ဝဲကောင်းလေး
မျှဝေပေးလိုက်ပါတယ်ဗျာ.. IconCool Editorက နေလှပသေသပ်တဲ့ iconလေးတွေ
ဖန်တီးနိုင်ပါတယ် အသင့်ပြုလုပ်ပြီးသားတွေပါသလို စိတ်ကြိုက်လည်းဖန်တီးနိုင်ပါတယ်
Animation ကိုလည်းအထောက်အပံ့ပေးပါတယ်... animated mouseေ လးတွေဖန်တီးနိုင်ပါသေးတယ် အောက်ပါ အမျိုးအစားတွေရရှိနိုင်ပါတယ်
• Support 25 image formats
Editor can open the following image formats: BMP; DIB; EMF; GIF; ICB; ICO; JPG; JPEG; PBM; PCD; PCX; PGM; PNG; PPM; PSD; PSP; RLE; SGI; TGA; TIF; TIFF; VDA; VST; WBMP; WMF; ICL; EXE; DLL
ကဲ..စိတ်ဝင်စားတယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါဗျာ. Patch ဖိုင်ကိုပါ ထည့်ပေးလိုက်ပါတယ်နော်.

DOWNLOAD
<<OR>>

ကွန်ပျူတာမှာ အချိန်ကန့်သတ်ချက်မရှိပဲ Screen Videos Record လုပ်နိုင်တဲ့ ဆော့ဝဲ-FastStone Capture 8.0 Final + Key

FastStone Capture 8.0 Final + Key
မင်္ဂလာပါ
ကွန်ပျူတာမှာ အသုံးပြုဖို့ Video Recorder လေးတစ်ခု
တင်ပေးလိုက်ပါတယ်၊ ကျနော် အသုံးပြုဖူးသမျှထဲမှာတော့
ဒီဆော့ဝဲလေးကို အကြိုက်ဆုံးပါ၊ လေးလန်မှုလည်းမရှိသလို
အသုံးပြုရတာက တအားရိုးရှင်းပါတယ်၊
နည်းပညာညီအစ်ကိုတွေအသုံးအများဆုံး ဆော့ဝဲလည်းဖြစ်ပါတယ်
ဗားရှင်းလေး အသစ်ထပ်တက်လာတာနဲ့ အားလုံးလည်း
အသုံးပြုရအောင် ပြန်လည်မျှဝေလိုက်ပါတယ်။
screen capture ကိုလည်း အကောင်းဆုံး ရိုက်ယူနိုင်ပါတယ်။
Screen Record လုပ်တဲ့နေရာမှာ windows, objects, menus, full screen
စသည့်ဖြင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အချိန်ကန့်သတ်ချက်
မရှိပဲ Record လုပ်ယူနိုင်ပါတယ်။ ဒီဆော့ဝဲကို အသုံးပြုဖူးသူတိုင်သိကြမှာ
 Capture လုပ်ထားတဲ့ ဓါတ်ပုံတွေကိုလည်း
 BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats စတာတွေနဲ့
သူ့သူ့ Save ထားပြီးသား ဖြစ်နေတာကိုက Comfortable ကျနေပါပြီ။
သူ့အထဲမှာတော့ Feature တွေ အများကြီးပါဝင်ပါသေးတယ်
ကွန်ပျူတာမှာ Screen ကို Video Record ကောင်းကောင်းလေးလုပ်ချင်ရင်တော့
အချိန်ကန့်သတ်ချက်လည်းမရှိပဲ ပေါ့ပါ့ပါးပါးနဲ့ အလွယ်တကူအသုံးပြုလို့
ရနိုင်တဲ့ ဒီဆော့ဝဲလေးကိုသာ ဆောင်ထားလိုက်ပါလို့ အကြံပြုပါရစေ။
File Size 2.7 MB လောက်ပဲရှိပါတယ်၊ ၀င်းဒိုးအားလုံးမှာ
အသုံးပြုနိုင်ပါတယ်။ အမြဲတမ်းအသုံးပြုလို့ရအောင်လို့ ကျနော် Key ပါ
တစ်ပါတည်းထည့်ပေးထားပါတယ်။ Set up ဖိုက်ကို အင်စတောလုပ်ပြီး
Key ထည့်ပေးလိုက်ရင် Full Version အဖြစ် အသုံးပြုနိုင်ပါပြီ။

Download Here

OR

Download Here

Zapya 2.1.0 Final

Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

 ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ 
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။

 (OR)

ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့ စိတ်ကြိုက် ပြောင်းထားလိုရင်တော့ အောက်ကပုံနေရာမှာ ကလစ်ပြီး ပြောင်းထားနိုင်ပါတယ်..။ ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။ နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။


မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း


12 Sep 12, 08:03 PM
ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.5 MB ရှိပါတယ်..။

 ပါတ်စ်ဝါဒ့် တောင်းခဲ့ရင် ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ကိုထည့်ပေးလိုက်ပါ..။
မြန်မာစာဖေါင့်အလှတွေကို Install ဆွဲထည့်ဖို့ မိမိတို့ ကွန်ပျူတာမှ Start>>Control Panel>>Fonts ကိုဖွင့်ထားပါ..။ Fonts နေရာကို ရှာမတွေ့ဖြစ်မှာစိုးလို့ အောက်မှာပုံလေးနဲ့ ပြပေးလိုက်ပါတယ်.. ပြီးရင် ကျနော်တင်ပေးလိုက်တဲ့ မြန်မာဖေါင့်အလှဖိုဒါကိုဖွင့်ပါ..။ ဖိုဒါထဲက ဖေါင့်တွေအားလုံးကို Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ..။ အောက်ဒုတိယပုံမှာ ကြည့်ပါ..

အောက်ကပုံမှာ စာလုံးအလှ ဖိုဒါကိုဖွင့်ထားပြီး (ဘယ်ဘက်) Ctrl+A အောစလက် ပေးပြီး အဲဒီဖိုင်လေးတွေ ပေါ်မှာ Right Click ထောက်ပြီး copy ယူပါ.. ပြီးရင် Control Panel မှ ဖွင့်ထားတဲ့ Fonts ဖိုဒါ(ညာဘက်ဝင်းဒိုး)ပေါ်မှာ အောက်ဆုံးဆွဲချပြီး နေရာလွတ်မှာ Right Click >> paste နဲ့ ထည့်ချလိုက်ပါ..။ မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ..

paste နဲ့ ထည့်လိုက်တာနဲ့ အောက်ကပုံလိုမျိုး ဘောက်စ်လေးတွေ ပေါ်လာရင် ကီးဘုတ်မှ Enter ကို တချက်ချင်း ခေါက်ပေးလိုက်ပါ..။ စာတွေလိုက်ဖတ်မနေနဲ့တော့ အာရုံနောက်တယ်.. ဘောက်စ်တွေပေါ်တိုင်း Enter ကို ပုံမှန်လေး ခေါက်ခေါက်သွားလိုက်ပါ..။ သဘောကတော့ မဝင်ချင်တာကို ဝင်အောင် အတင်းရိုက်သွင်းလိုက်တဲ့ သဘောပါပဲ..။ ဖေါင့်တွေအားလုံး ဝင်လို့ ကုန်သွားရင် နောက်ထပ်ဘာဘောက်စ်မှ ပေါ်မလာတော့ပါဘူး..။ အဲဒါဆို ဒီဖေါင့်တွေကို အသုံးပြုလို့ ရသွားပါပြီ..။ ဖေါင့်တွေသွင်းပြီးသွားရင်တော့ Desktop ပေါ်မှာ Right Click>>Refresh ကို ၄၊၅ ခါလောက် တောက်ပေးလိုက်ပါ..။ ရှော့ကပ်ကီးအနေနဲ့ ကီးဘုတ်မှ F5 တချက်ချင်းနှိပ်ပေးရင်လည်း အတူတူပါပဲ..။




အောက်ဆုံးပုံမှာတော့ ကျနော် Install ဆွဲထည့်လိုက်တဲ့ ဖေါင့်လေးတွေ ဝင်သွားပါပြီ.. ဒီဘောက်စ်လေးတွေကို ပိတ်ပြီး အပေါ်မှာ ရေးထားတဲ့အတိုင်း Refresh ၄၊၅ခါ လုပ်ပေးလိုက်ပါ..။ အခုဒီဖေါင့်တွေ အားလုံးကို အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

Lenovo A536 Android 4.4.2 ကို VROOT(iRoot) ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း

ဒီပိုစ့်ကလုပ်နည်းကတော့ ကွန်ပျူတာနဲ့ လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်..။ Android 4.4.2 ကို အရင် Root apk တွေနဲ့ Root ဖေါက်လို့ မရတာများပါတယ်..။ ဒါကြောင့် Kingo Root Tool နဲ့လည်း Root ဖေါက်လို့ အဆင်မပြေတဲ့သူများအတွက် VROOT(iRoot) နဲ့ Root ဖေါက်နည်းကို ထပ်တင်ပေးလိုက်ပါတယ်..။ VROOT(iRoot) ကို နှစ်မျိုးသုံးလို့ ရအောင် Portable (Chinese) နဲ့ Setup (English) ဆိုပြီး သီးခြားစီ တင်ပေးထားတာဖြစ်ပါတယ်..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်ကို မိမိတို့စက်ထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ Setup ဖိုင်ကို Install ထည့်တဲ့အချိန်မှာတော့ အင်တာနက်ရှိဖို့လိုပါတယ်..။ Lenovo Android Devices တွေအတွက် Drivers တွေကို ဒီပိုစ့်မှာပါ တင်ပေးထားပြီး.. မိမိတို့စက်ထဲမှာ မရှိသေးဘူး၊ ကွန်ပျူတာက ဖုန်းကို မသိသေးဘူး ဆိုရင်တော့ Root မလုပ်ခင် အရင်ဆုံး Drivers တွေကို Install ထည့်ပေးလိုက်ပါ..။ Android USB Drivers ထည့်နည်းတွေကို အရင်ပိုစ့်တွေမှာလည်း ရေးပေး၊ ရှင်းပြပေးခဲ့ပြီးမို့ ဒီပိုစ့်မှာ ထပ်မရေးပေးတော့ပါ..။ Android ဖုန်းတွေရဲ့ Drivers တွေကို ကွန်ပျူတာက သိမှသာ ဖုန်းတွေကို Root ဖေါက်လို့ ရမှာ ဖြစ်ပါတယ်..။ Android 4.4.2 ကို မြန်မာစာ ထည့်နည်းကတော့ အရင် Kingo Root ပိုစ့်က ဆော့ဝဲလ်တွေနဲ့ လုပ်နည်းအတိုင်းပါပဲ..။ အသုံးပြုလိုတဲ့သူများကတော့ အရင်ဆုံး အောက်ကလင့်တွေကနေ ဆော့ဝဲလ်တွေကို ဒေါင်းယူထားနှင့်လိုက်ပါဗျာ..။

VROOT(iRoot) Portable 13 MB - (Chinese Version)
 VROOT Setup 7 MB (English Version)
 Lenovo Driver 1.2 - 10 MB
 အောက်မှာတော့ Zawgyi Changer and Busy Box
 (OR)
ဆော့ဝဲလ်တွေ ဒေါင်းယူထားပြီးရင်တော့ အရင်တုန်းက ပိုစ့်တွေမှာ ပြောခဲ့ပြီးတဲ့အတိုင်း ဖုန်းရဲ့ Setting >> About Phone >> Build Number မှာ ၇-ချက် (7-times) တောက်ပြီး အောက်ကပုံလေးတွေအတိုင်း Developer Options ကို ဖေါ်လိုက်ပါ..။ ပြီးရင် အဲဒီ Developer options ထဲက USB Debugging မှာ အမှန်ခြစ်ပေးပါ..။ နောက်တဆင့်ကတော့ Setting >> Security >> Unknown sources မှာလည်း အမှန်ခြစ်သွားတပ်ပေးပါ..။ ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို via USB cab ကြိုးနဲ့ ချိတ်ဆက်လိုက်လို့ ရပါပြီ..။


အောက်ကပုံလေးကတော့ Portable (Chinese) နဲ့ ပြပေးလိုက်တာပါ..။ လုပ်နည်းကအတူတူပါပဲ..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်နဲ့ အသုံးပြုပေးပါ..။



အောက်ကတော့ Setup (English) နဲ့ အသုံးပြုပြထားတာဖြစ်ပါတယ်..။ အောက်ကပုံလေးအတိုင်း ပေါ်လာရင် ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ..။ ၂-မိနစ်ခန့်စောင့်လို့ မမိသေးရင် ကြိုးကို ဖြုတ်လိုက် တပ်လိုက် လုပ်ကြည့်ပေးပါ..။ မျှားအပြာနဲ့ ပြထားတဲ့ Root Tool မှာ အမှန်ခြစ်တပ်ဖို့ မမေ့ပါနဲ့..။




အပေါ်ကပုံအတိုင်း ဖုန်း မော်ဒယ်နံပါတ်တွေ ပေါ်လာရင် Root ကို နှိပ်လိုက်လို့ ရပါပြီ..။ မိမိတို့ရဲ့ ဖုန်းမှာလည်း အောက်ကပုံလေးအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်..။


VROOT(iRoot) မှာ အောက်ကပုံလေးတွေ အတိုင်း ဆက်တိုက်ပေါ်လာပြီးရင်တော့ မိမိတို့ဖုန်း Restart ကျသွားပါလိမ့်မယ်..။ ၂-မိနစ်ခန့် ခဏစောင့်နေပေးလိုက်ပါ..။



အောက်ကပုံလေးအတိုင်း Complete စာသားပေါ်လာရင်တော့ Lenovo A536 ကို ကျနော် Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။




ဖုန်းရဲ့ Screen မှာ အပေါ်ကပုံလေးအတိုင်း ပေါ်နေတတ်မှာဖြစ်ပြီး Root Access တောင်းတဲ့ဆော့ဝဲလ်တွေကိုတော့ အောက်ကပုံလေးတွေအတိုင်း ဖုန်းမှာ အမှန်ခြစ်ပေးပြီး နှိပ်ပေးလိုက်ပါ..။



Root Checker နဲ့ စစ်ကြည့်တဲ့အခါမှာလည်း အမှန်ခြစ်တပ်ပြီး နှိပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါပြီ..။


Kingo Root ပိုစ့်မှာ တင်ပေးခဲ့ပြီးတဲ့ Zawgyi Installer တွေကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးအတိုင်း Busy Box ကို အရင် Install ထည့်ပြီးမှ Zawgyi Changer ကို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာ မြန်မာစာထည့်တာ သိပ်မရှင်းတဲ့သူများရှိခဲ့ရင် Kingo Root ပိုစ့်ကို ဒီနေရာမှာ ပြန်ကြည့်ပေးပါ..။


 



အပေါ်ပုံအတိုင်း ခေါင်းစဉ်စာသားတွေ မရှင်းသေးရင်တော့ အောက်ကပုံလေးအတိုင်း MM Aio Font Changer လေးကို ဆက်ထည့်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။





အပေါ်ပုံမှာလို SMS Message နေရာမှာလည်း စာတွေ ရေးလို့ ရသွားပြီဖြစ်ပါတယ်..။ အောက်မှာ မြင်ရတဲ့ပုံလေးတွေအတိုင်း ခေါင်းစဉ်စာသားတွေပါ မှန်သွားပြီ ဖြစ်ပါတယ်..။


အားလုံးပဲ လေ့လာရင်း တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေဗျာ..။
မှတ်ချက်။ ။Root ဖေါက်လို့ ဖုန်းပျက်ခဲ့ရင် ပြုလုပ်သူတာဝန်သာဖြစ်သည်..။